WELCOME!
Welcome to the Myanmar Food Industry Directory, Myanmar’s only directory devoted to the Food Industry.
Find quality manufacturers, wholesalers, retailers, ingredients and other related products for the food industry in Myanmar. Everything you need to know about the Food industry in Myanmar is right here.

ဆော့စ် (Sauces)

ကမ္ဘာ့တိုင်းပြည်အသီးသီးမှ ချက်ပြုတ် ကြသော ဟင်းလျာတို့သည် ရိုးရာဓလေ့နှင့် ဒေသ အလိုက် အမျိုးအစားစုံလင်လှသည်။ ယင်းတို့ကို စားဝိုင်းပြင်ဆင်လျှင် ဖြည့်စွက်သောအရသာအဖြစ် အချိုအချဉ်ဆော့စ်တို့ကိုပါ ထည့်သွင်းတတ်ကြ သည်။ မြန်မာတို့လည်း ထမင်းဟင်းလျာသုံးဆောင် ရာတွင် ရိုးရာငါးပိရည်တို့စရာပါဝင်တတ်သကဲ့သို့ တည်ခင်းသော စားဖွယ်ရာတို့အတွက် သင့်တော် သော ဆော့စ်ကိုပါထည့်သုံးတတ်ကြပြန်သည်။ မည်သို့ဆိုစေကာမူ ဆော့စ်တည်းဟူသော ဖြည့်စွက် အရသာစားစရာသည် သားငါးသီးနှံများမှ အရသာ အချို၊ အချဉ်၊ အအီ၊ အစပ်တို့အတွက် လိုက်ဖက် ညီစွာပါဝင်ခြင်းဖြစ်သည်။ ထို့ပြင် ဥရောပအစား အစာ၊ တရုတ်ဟင်းလျာနှင့် မြန်မာထမင်းဟင်း စသည်တို့ကို တည်ခင်းရောင်းချသော စားသောက် ဆိုင်ကြီးများမှသည် လမ်းဘေးဆီချက်ဆိုင်၊ အသုပ်ဆိုင်၊ အကြော်ဆိုင်များအထိ ဆော့စ်၏ အသုံးဝင်မှုကို တွေ့ရမည်ဖြစ်သည်။

ဆော့စ်အမျိုးမျိုးပြုလုပ်ရာတွင် အခြားဟင်းခတ်အမွှေးအကြိုင်အချို့ပါဝင်သကဲ့သို့ ငရုတ်ကောင်း နှင့်သကြားတို့ကိုလည်း ထည့်သုံးလေ့ရှိသည်။ စင်စစ်အားဖြင့် စင်ကြယ်သောအိုးတွင်ပြုတ်ခြင်း၊ အအေး ခံခြင်းနှင့် ပုလင်းတွင်လုံခြုံစွာထည့်သွင်းရခြင်းစသည့်လုပ်ငန်းစဉ်တို့သည် ဆော့စ်ပြုလုပ်ရာ၌ ပါဝင်နေမြဲ ဖြစ်သည်။ ထို့နောက်သန့်ရှင်းလတ်ဆတ်သော အသီးအနှံ၊ ဟင်းခတ်အမွှေးအကြိုင်၊ ရှာလကာရည်၊ ပဲငံပြာရည်၊ အရက်၊ ဆားနှင့် သကြားတို့ကိုသုံးလေ့သုံးထရှိ၏။ ဤတွင် ထုပ်ပိုးပုံလှပလုံခြုံသော ပုလင်းကြီးငယ်တို့ဖြင့် ဆော့စ်အမျိုးမျိုးကိုတွေ့ရမည်ဖြစ်သည်။ ပြည်တွင်းဖြစ်သာမက နိုင်ငံခြားဖြစ်ဆော့စ်အမျိုးမျိုးကိုလည်း Shopping Centre၊ ဈေးရုံနှင့် ဆိုင်ကြီးဆိုင်ငယ်တို့တွင် တွေ့မြင်ရမည်ဖြစ်သည်။

ဆော့ပြုလုပ်မည့် အသီးအနှံများ (ငရုတ်သီး (သို့) ခရမ်းချဉ်သီး (သို့) မန်ကျည်းသီး (သို့) ဆီးသီး) စသည်တို့မှ တစ်ခုခုကိုရွေးချယ်၍ နူးပြီးပျော့သွားရန် ရေနှင့်ပြုတ်ရသည်။ ထို့နောက် ဆန်ခါနှင့်စစ်၍ အနှစ်ကိုယူပြီး အိုးထဲတွင် ရှာလကာရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ အမွှေးရနံ့နှင့် အရောင်တို့နှင့်အတူ ပွက်ရုံသာသာမီးအနည်းငယ်ပေး၍ အချိန်တစ်နာရီကြာမျှကျိုပေးရသည်။ ကျိုနေစဉ်အနယ်မထိုင်ဘဲ အရည် ပျစ်ရန် မွှေပေးနေရသည်။ မွှေပေးရင်း ပီလောပီနံကော်မှုန့်၊ ထမင်းရည်ကဲ့သို့ ကော်ရည်ကိုထည့်နိုင်၏။ လိုအပ်သောအပျစ်အကျဲအနေအထားရောက်လျှင် မီးဖိုပေါ်မှချ၍ရပြီဖြစ်သည်။ ဆန်ခါနှင့်နောက်ထပ် စစ်ချ လိုလျှင် စစ်ပြီးနောက် ပွက်ရုံပြန်ကျိုရသည်။ ပြီးလျှင် ၁၅ မိနစ်ကြာမျှ ပွက်ပွက်ဆူအောင်ပြုတ်ထားသော ပုလင်းနှင့် ဖော့ဆို့ကိုသုံးရသည်။ ထို့ကြောင့် အဆိုပါပိုးသတ်ထားသောပုလင်းထဲသို့ ဆော့စ်များကို အပြည့် မထည့်ဘဲ ၂ လက်မမျှ နေရာချန်၍ထည့်ရသည်။

ယင်းနောက် ပုလင်းနှင့်ဖော့ဗူးဆို့ကို ကြိုးဖြင့်ချည်နှောင်ပြီးမှ ဆော့စ်အသားပြည့်သည်အထိ ပွက်ပွက်ဆူသော ရေနွေးထဲသို့ထည့်၍ အနည်းဆုံးနာရီဝက်ကြာမျှပြုတ်ပြီးပိုးသတ်ရသည်။ ဆက်လက်၍ ရေအေးနှင့် အအေးခံပြီး ဖော့ဗူးဆို့ကိုဖယောင်းရည်နှင့်နှစ်ကာ ပြင်ပလေမ၀င်ရန် ပိတ်ရသည်။ စင်စစ်အားဖြင့် ရှာလကာရည်(Vinegar)သည် ဆော့စ်ပြုလုပ်ရာတွင် အဓိကပစ္စည်းဖြစ်သည်။ ရှာလကာရည်တွင် အက်ဆီတစ်အက်ဆစ် (Acetic Acid) ၄ ရာခိုင်နှုန်းမျှပါဝင်သောကြောင့် ဆော့စ်များ ကြာရှည်စွာ အထားခံခြင်း ဖြစ်သည်။ အက်ဆီတစ်အက်ဆစ်က ဗက်တီးရီးယား၊ တဆေး (Yeast) နှင့် မှိုများကပ်ရောက်ကြီးထွားမှုကို ဟန့်တားပေး၏။ ထို့ပြင် ရှာလကာရည်ကောင်းက ကြာရှည် ခံသောဆော့စ်ကောင်းကိုဖြစ်စေသည်။ ထိုနည်းတူ ဆားကလည်းဆော့စ်ကြာရှည်ခံရန် အထောက်အကူပေးသည်။ သကြားမှာမူ အချိုဓာတ်ကိုသာပေး၏။ ဆော့စ်မျိုးစုံတွင် ပင်တိုင်ဖြစ်သောငရုတ်ဆီနည်းတူ ငရုတ်သီးအချို၊ အစပ်၊ ကြက်သွန်ဖြူ အဖပ်နှင့် အနှစ် စသည်တို့ကိုထည့်သွင်း၍ စားသုံးသူအကြိုက်ထုတ်လုပ်ကြသည်။ များသောအားဖြင့် ငရုတ်ဆီနှင့် ခရမ်းချဉ်သီး ဆော့စ်ကို ထုတ်လုပ်တတ်ကြ၍ အချို့ကုမ္ပဏီက အမျိုး အစား (၇)မျိုးအထိ ခွဲခြား ထုတ်လုပ်ကြသေးသည်။